အခုတစ်လော ဘယ့်နှယ်ဖြစ် နေတယ်မသိ၊ လာလိုက်တဲ့ တယ်လီ ဖုန်းခေါ်သံတွေ၊ ရွာက အရီးလေး အုန်းတို့၊ ဘကြီးသိန်းဆီကဆိုရင် တစ်နေ့သုံးလေးကြိမ်လောက်လာ ရဲ့၊ တစ်ခါမှတယ်လီဖုန်းမဆက်ဖူး တဲ့ တပည့်တပန်းတွေဆီကလည်း လာရဲ့။ တယ်လီဖုန်းလာလို့ နား ထောင်လိုက်တော့လည်း ပြောကြ တဲ့အကြောင်းအရာတွေက ဘာမှ ထူးထူးခြားခြားမဟုတ်ဘူး။ အရီး လေးအုန်းက အားလုံး နေ ကောင်း ကြရဲ့မဟုတ်လားတဲ့၊ မန္တလေးမှာ မိုးရွာရဲ့လား၊ ရွာမှာတော့ မိုးရွာပြီ တဲ့။ ဟိုတစ်လောက ရွာမှာ အေး တင်ရဲ့သမီးအငယ်ဆုံး ကမွေးတဲ့ ကလေးက ဖြူဖြူတုတ်တုတ် လေးမို့ တစ်ရွာလုံးအံ့ကိုသြရောတဲ့။ အရီး လေးက စကားပြောပြီဆိုရင် သူ့ စိတ်ကူးထဲပေါ်သမျှ တောက် လျှောက် ပြောတော့တာပါ။ ဆယ့် ငါးမိနစ်လောက်ပြောပြီးမှ ဖုန်းချ သွားပါတယ်။ ဘကြီးသိန်းကတော့ တစ်မျိုး။ အသက် ရှစ်ဆယ်ကျော် လာတာတောင် သန်တုန်းမြန်တုန်း ရှိပါသေးတယ်။
သူ့ရဲ့ ကျန်းမာ အသက်ရှည်ဆေးကတော့ ရွာ အနောက်ဘက် ခြေရာတော်ဘုရား နားလေးက ကိုကံဦးရဲ့ ထန်းတောက ထန်းရေပဲတဲ့။ ညနေတိုင်းတစ်နေ့ တစ်မြူ မှန်မှန်သောက်လို့တော့ ဆီးဝမ်းတွေမှန်ပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည် ဖြစ်သတဲ့။ ထန်းရေ ချင်းတူတာတောင် ကံဦးရဲ့ထန်း တောကထန်းရေကိုတော့ ဘယ်သူ့ ထန်းရေမှ မမီဘူးတဲ့။ ငါ့တူကြီး ရွာကိုပြန်လာရင် တစ်ခွက် တစ် ဖလားလောက် တိုက်စမ်းချင်သတဲ့။ ကျွန်တော်မှာ ဘကြီးပြောသမျှ ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ ခင်ဗျလို့ ပြောရင်း ဘကြီးရဲ့ ထန်းရေဋီကာကို နားထောင်နေရပါလေရော။
အရင်တုန်းက ဆုံခဲ့တဲ့ တပည့် တပန်းတွေဆီက တယ်လီဖုန်းဆက် တဲ့ အကြောင်းအရာကလည်း မထူးခြားပါဘူး။ ဆိုင်ကယ်တက်စီ ဆွဲနေကြောင်း၊ အစ်မ (ကျွန်တော့် ဇနီး)ကိုလည်း သတိရကြောင်း၊ ခိုင်း စရာရှိရင် တယ်လီဖုန်းဆက်ပြီး ခိုင်း နိုင်ကြောင်းစသည်ဖြင့်ပေါ့။ ကျွန် တော်က စကားမြန်မြန် ဖြတ်ချင်တာ နဲ့ အေးအေးလို့ ပြောရင်း လေကြော ပြတ်သွားအောင် အမြန် ဘရိတ်အုပ် ပစ်လိုက်ရတာကလား။တစ်ရက်က သူငယ်ချင်းတစ် ယောက်နဲ့တွေ့ပြီး ငါ့ကွာ တစ်ခါမှ ဖုန်းမဆက်တဲ့သူတွေဆီက တယ်လီ ဖုန်း ခေါ်သံတွေ လာလိုက်ကြတာ ကွာလို့ ပြောလိုက်တော့ သူငယ် ချင်းက တဟားဟား ရယ်ပါလေတော့ တယ်။ ပြီးမှ မင်းကလည်း ဒါများ အဆန်းမှတ်လို့ ၁၅ဝဝတန် တယ်လီ ဖုန်းတွေလေကွာ။ ငါ့ဆီမှာလည်း မင်းလိုပဲ တယ်လီဖုန်းခေါ်တာတွေ လာ နေလို့ ဒိုင်ခံပြောနေရတာဟ . .။ အဲသလို ပြောလိုက်မှ ဖျတ်ခနဲ ဥာဏ်အလင်းပွင့်သွားပြီး ကိုယ့် နဖူးကို လက်ဖနောင့်နဲ့ အသာအယာ ထုလိုက်မိပါတယ်။ တစ်နိုင်ငံလုံး ၁၅ဝဝတန် တယ်လီ ဖုန်းဆင်းကတ် တွေချပေးတာကို ကျွန်တော်မေ့နေ တာလေ။ တယ်လီဖုန်းရတဲ့သူက စစချင်း သတ်မှတ်တဲ့အချိန်အတွင်း မှာ ငါးထောင်ဖိုးဆိုလား ကုန် အောင်ပြောဖို့နဲ့ မကုန်ရင် ဒီရပိုင် ခွင့်လေးကို ပြန်သိမ်းမယ်ဆိုပြီး အမိန့်တော် သတ်မှတ်လိုက်တဲ့အခါ တယ်လီဖုန်းရတဲ့ သူတွေလည်း အကြောင်းကိစ္စရှိရှိ မရှိရှိ ပိုက်ဆံကုန် လေကုန်ခံပြီး တယ်လီဖုန်းပြောရ တော့ တာပေါ့နော်။
တန်ဖိုးနည်းတယ်လီဖုန်းတွေ တစ်လတစ်ကြိမ်ချပေးနေတာ နှစ် သုတ်ရှိသွားပါပြီ။ မန္တလေးတိုင်း ကတော့ တယ်လီဖုန်းချပေးတဲ့ နေရာမှာ ဖိုးသာထူးလို့ဆိုရမှာပါပဲ။ တခြား တိုင်းနဲ့ပြည်နယ်အားလုံး မဲစနစ်နဲ့လုပ်တဲ့ အချိန်မှာ မန္တလေး မှာတော့ ဦးရာလူစနစ်ကို ကျင့် သုံးတယ်လေ။ ဒီတော့ တယ်လီဖုန်း ချမပေးခင် အရင်ရက်ကတည်းက သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ လူတွေကကြိုပြီးတန်းစီကြပါတော့ တယ်။ အဲဒီမှာ နေရာလုကြရင်း ရန်ဖြစ်ကြပါ လေရော။ ပြီးတော့ နောက်တစ်နေ့ တယ်လီဖုန်းရောင်း ချတော့ အချိန်တိုလေးအတွင်း ကုန် သွားလို့ ပွစိပွစိ အသံတွေကို ကြားရ ပြန်ပါတော့တယ်။ ပထမအသုတ် တယ်လီဖုန်းစတင်ချပေးတုန်းက ပြဿနာမရှိခဲ့ဘူး။ ဒါပေမဲ့ ၁၅ဝဝ တန် တယ်လီဖုန်းရဲ့ ပြင်ပပေါက် ဈေးက ငါးသောင်းဖြစ်နေတော့ ဒုတိယအသုတ်မှာ တယ်လီဖုန်း ရချင် ဇောနဲ့ အလုအယက်တိုးကြဝှေ့ကြ တာတွေ ဖြစ်ကုန်ပါတော့တယ်။
ပထမအသုတ်တုန်းက တယ်လီဖုန်း ရခဲ့တဲ့ ပြည်ကြီးတံခွန်မြို့နယ်က ကလေးမလေးတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူရတဲ့ ၁၅ဝဝတန် တယ်လီဖုန်းကို ငါး သောင်းနဲ့ရောင်းပြီး ကွမ်းယာဆိုင် လေးဖွင့်ထားသတဲ့။ ကွမ်းယာဆိုင် တစ်ဆိုင်ဖွင့်ရင် အနည်းဆုံး အရင်း အနှီး ငါးသောင်းခန့်လိုတဲ့ အကြောင်း၊ အပြင်ကအတိုးနဲ့ ချေး ရင် တစ်ဆယ်တိုးနဲမို့ ရတဲ့အမြတ် ငွေကို ရှင်းပေးရမှာဖြစ်တော့ ဘယ် လိုမှ မလုပ်နိုင်ကြောင်း၊ အခုမှ ဟန်ကျသွားပြီး သူ့ကွမ်းယာဆိုင်ကို ရွှေဖုန်းလို့ အမည်ပေးခဲ့ကြောင်း ရှင်းပြပါတယ်။ ကျွန်တော်လည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင် ရင်း မုဒိတာပွားနေမိပါတယ်။
အခုမှပြန်ပြီး တွေးလိုက်တော့မှ ၁၅ဝဝတန်တယ်လီဖုန်းကို လူတွေ ဘာကြောင့်တိုးကြ၊ ဝှေ့ကြသလဲဆို တဲ့ အဖြေ ဒက်ခနဲ ရလိုက်ပါတယ်။ ဒီလို တန်းစီတိုးကြတဲ့သူတွေက လည်း အောက်ခြေလူတန်းစားတွေ ပါ။ သူတို့အဖို့ တယ်လီဖုန်းခွဲတမ်းရ လိုက်လို့ ငါးသောင်းနဲ့အမြတ်တင် ရောင်းလိုက်ရင်တစ်ခဏ အသက်ရှူ ချောင်သွားနိုင်တာကိုနော့်။ ပြီးတော့ ငါးသောင်းက ပုံမှန်ပေါက်ဈေး၊ တယ်လီဖုန်းနံပါတ်များကောင်းရင် ရှစ်သောင်းကနေ နှစ်သိန်းထိ ပေါက်သတဲ့။ ထူးခြားတာက တယ် လီဖုန်းချပေးတဲ့အချိန် လူတွေတိုး ဝှေ့နေကြပေမယ့် ပြင်ပပေါက်ဈေး အတိုင်း ဝယ်မယ်ဆိုရင် မန္တလေးမြို့ က တယ်လီဖုန်းဆင်းကဒ် အရောင်း ဆိုင်အချို့မှာ အချိန်မရွေးဝယ်လို့ ရနေပါတယ်။ ဒါက ဘယ်လိုလဲလို့ အံ့သြစရာမရှိပါဘူး။ ရောင်းချပေးတဲ့ လုပ်ပုံလုပ်နည်းမမှန်ကန်လို့ ဒီလိုဖြစ် နေရတာပါ။ တွေးရင်းနဲ့ ကျွန်တော် ပြုံးလိုက်မိပါတယ်။ တတိယအသုတ် တယ်လီဖုန်းချပေးရင် ငါလဲလျှောက် လိုက်ရကောင်းမလားပေါ့။ ရပ်ကွက် ရုံးမှာ ကိုယ်နဲ့သိတဲ့သူ အချို့ရှိတယ်။ ငါ့ကို တယ်လီဖုန်းဆင်းကတ်ဝယ် ယူခွင့် ပေးရင်ပေး၊ မပေးရင်ဆောင်း ပါးထဲ ထည့်ရေးလိုက်မှာလို့ ခြိမ်း ခြောက်ပြီး မိုက်ကြေးခွဲဖို့ ကိုယ့်ရဲ့ အတွေးကို သတိပြုလိုက်မိတာ ကြောင့်သို့က လိုပြုံးလိုက်မိတာ ဖြစ်ပါတယ်။
၁၅ဝဝတန် တယ်လီဖုန်းရဲ့ ကျွန်တော့်ကို ကသိကအောက် ဖြစ်စေတာလည်းပြောရပါဦးမယ်။ ဒီခေတ်က အင်တာနက်ခေတ်ကြီး မဟုတ်လား။ အဲဒီတော့ ကျွန်တော် ကလည်း အရင်လိုမဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် မြန်နှုန်းမြင့်အောင် ကြိုးစား နေရသပေါ့။ ဥပမာပြော ရရင် လကုန်တိုင်း ရတီမဂ္ဂဇင်းကို စာမူပို့ ရတဲ့ ကိစ္စပါ။ အရင်တုန်းက တော့ လကုန်ခါနီးရင် စာမူကို တက် သုတ် ရိုက်ရေးပြီး မီးရထားဘူတာ ရုံက ပုဂ္ဂလိက ကုန်ပို့အဖွဲ့ဆီကို သွားပို့ ပေးရပါတယ်။ ပို့ခ ၁၅ဝဝိ/-ကျပါတယ်။ ညနေ(၃)နာရီ မထိုးခင် ပို့ရတာပါ။ အဲဒီလို လုပ်နိုင်ရင် နောက်တစ်နေ့ နေ့လယ်လောက်မှာ ရတီမဂ္ဂဇင်းတိုက်ကို ရောက်သွားပါ တယ်။ ဒါပေမဲ့ မနှစ်ကစပြီး အင် တာနက်စနစ် ဖွံ့ဖြိုးလာတော့ ကျွန် တော်လည်း ခေတ်မီစွာနဲ့ စာမူကို အွန်လိုင်းကနေတစ်ဆင့် သွားတော့ တယ်လေ။ ရတီ အီးမေးလ်လိပ်စာ အတိုင်း ပို့လိုက်ရင် နာရီဝက်အတွင်း မှာ ရတီမဂ္ဂဇင်းကို ရောက်သွားပါ တယ်။ စာမူကို မြေပြင်ပေါ်မှာ မီးရ ထားတို့၊ မော်တော်ကားတို့နဲ့ ပို့ရ တာ အောက်လိုင်း၊ အင်တာနက်က တစ်ဆင့် ပို့ရတာကိုတော့ (မိုးပေါ်မှာ သွားရလေသမို့) အပေါ်လိုင်းလို့ ရိုးရိုးလွယ်လွယ် ပြောလေ့ရှိကြပါ တယ်။ အပေါ်လိုင်းကပို့ရတာ မြန်လေတော့ ကျွန်တော် သဘောကျ သွားပါတယ်။ ဒါပေမဲ့ အဲသလို မြန် အောင်လုပ်တတ်ဖို့ ကျွန်တော် မစွမ်းဘူး။ ပထမဦးဆုံး ကွန်ပျူတာ စာစီရတယ်။ ပြီးတော့ Select မှတ်ရပြီး အီးမေးလ်နဲ့ ပို့ရမယ်ဆိုလားပဲ။ ဒါနဲ့ လွန်ခဲ့တဲ့လလောက်က ကိုယ့်ကိုယ်ကိုယ်အားကိုးတဲ့အနေ နဲ့ ကိုယ်ရေးတဲ့စာကို ကိုယ်တိုင် ကွန်ပျူတာ စာစီပါတယ်။ သင်ယူခါစဆိုတော့ တစ်နေကုန်မှပြီး ပါတယ်။
ရတီကို အီးမေးလ်နဲ့တစ် ဆင့်ပို့တော့ မယ်ပေါ့။ အဲသည်မှာ ဒုက္ခရောက် တော့တာပါပဲ။ ကွန် ပျူတာထဲက ကျွန်တော်ရိုက်ထားတဲ့ စာတွေ ဘယ်ခလုတ်ကို မှားနှိပ်လိုက်မှန်းမသိ၊ အားလုံးပျောက်ကုန်ပါ တယ်။ အဲဒီနေ့က တော်တော်ကို စိတ်တိုသွားတယ်။ အီလက်ထရော နစ်နဲ့ ပတ်သက်လာရင် ဥာဏ်ဝေး လွန်းတဲ့ ကိုယ့်အကြောင်းကို သိသွားပါတယ်။ ဒီတော့ လကုန်လို့ စာမူပို့ ချိန်ရောက်ရင် အင်တာနက်ကျွမ်းကျင်တဲ့ ကိုယ့်တပည့်ကျော်တွေကိုပဲ ဆရာတင်ရလေသပေါ့။ ကျွန်တော် ကတော့ ကိုယ်မတတ်တဲ့ ပညာကို အားကြိုးမာန်တက်သင်ယူဖို့ကိစ္စကို လက်လျော့ပြီး facebook ပဲသုံးနေ လိုက်ပါတယ်။ သြော်…ပြောရဦး မယ်။ ဖ.ဘ လို့ အတို ကောက်ခေါ်တဲ့ facebook သုံးတဲ့အခါ connection ကျရင် တော်တော်ဒေါသဖြစ်စရာ ကောင်းပါတယ်။ လူငယ်တွေက စိတ်မရှည်ကြတော့ မေတ္တာပို့ကြတာပေါ့။ ကျွန်တော် ကတော့ အဲသလိုမဖြစ်ပေါင်။ အင် တာနက်သုံးလိုက်တာနဲ့ တစ်ပြိုင်တည်း တီဗီဖွင့်ထားလိုက်ပါတယ်။ connection မကောင်းမချင်း တီဗွီ ကြည့်နေလိုက် တယ်။ ကွန်နက်ရှင်တက်လာမှ ဖ.ဘကြည့်လိုက်၊ တီဗွီ ကိုလှမ်းမော့လိုက်၊ ကွမ်းလေး ဝါးလိုက်နဲ့ ဟန်ကျလို့။
စောစောက စကားကို ဆက် ပြောပါဦးမယ်။ ရတီအတွက် စာမူ ရေးပြီးရင် ကိုယ့်တပည့်တွေကို တယ်လီဖုန်းဆက်ပြီး လှမ်းခေါ်ပါ တယ်။ သူတို့ကို ကွန်ပျူတာစာစီပြီး အီးမေးလ်နဲ့ ပို့ခိုင်းရတာ ပေါ့။ဘယ်လောက် အဆင်ပြေသလဲနော့်၊ ဒါပေမဲ့ ပြီးခဲ့တဲ့ လကစပြီး ကိုယ့် တပည့်ကျော် တွေက ဗွေဖောက်သွား ပါတယ်။ သူတို့ရဲ့ နှစ်သိန်းကျော်တန် တယ်လီဖုန်းကို ဈေးလျော့ရောင်း လိုက်သတဲ့။ ပြီးမှ ၁၅ဝဝတန် တယ်လီဖုန်းကို ဝယ်ကိုင်မှာတဲ့။ ဒါပေမဲ့ အဲဒီ ၁၅ဝဝတန် တယ်လီ ဖုန်းက ဘယ်မှန်းမသိ၊ လောလော ဆယ်တော့ သူတို့နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက် သွားပါ တော့တယ်။ အဲဒီတော့ လကုန်ရင် ကျွန်တော့်မှာ ရတီစာမူပို့ဖို့ ဒုက္ခ ရောက်ရပါလေရော။ အပြင်မှာ ကွန်ပျူတာစာစီစာရိုက်တွေဆီကို စာမူကွန်ပျူတာရိုက်ပေးဖို့ အပ်လို့ ရပေမယ့် သူတို့က စာမူရိုက်ပေးရတဲ့ လုပ်ငန်းအထာကို မကျွမ်းကျင်၊ အဲ ဒီမှာ စာလုံးပေါင်းတွေ၊ စာကြောင်း အဖြတ်အတောက်တွေ မှားကုန်ပြီး ကိုယ်ရေးတဲ့ အကြောင်းအရာ တစ်လွဲတစ်ချော်ဖြစ်ကုန်ရော။ ကျွန်တော်လေ၊ ဒီလောက်ရိုးရှင်း တာလေးတောင် ရွာလည်နေရသမို့ ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်နေမိပါ တယ်။ ရတီမမဆီက အချိန်တန်လို့ ကြိမ်စင်္ကြာနှက်လိုက်တဲ့အခါ ကျွန် တော်ပျာတောက်သွားပါရောလား။ အင်း.. ဖြစ်ရမယ်၊ ဖြစ်ရမယ်။ ခေတ်နဲ့ အံ့ဝင်ခွင်ကျ မဖြစ်သေးတဲ့ သူအချင်းချင်း သေဖော်ညှိတဲ့ သဘောပါ။ ဒီအကြောင်းကို သိသွား တဲ့ သူငယ်ချင်းတွေက မင်းကိုက ဘာမှမတတ်ဘဲကြီးကျယ်နေတာ။ အရင်အတိုင်း မီးရထားနဲ့ အောက် ကနေပို့ရင် ရရဲ့သားနဲ့၊ မှတ်ထား၊ အသစ်ဘယ်လောက်ကောင်း ကောင်း အဟောင်းကိုလည်း စွန့် ပစ်လို့မရသေးဘူးဟ – လို့ဆူလိုက်လို့ ကျွန်တော့်မှာ ပြုံးဖြဲဖြဲနဲ့ နာခံလိုက်ရပါတယ်။
မှန်ပါတယ်။ ကိုယ့်လောက ကိုယ့်ဝန်းကျင်ကို ပြန်ကြည့်လိုက် တော့ အဟောင်းထဲမှာ ရွာလည်နေ ကြတာကလား။ ဤသည်ပင် ကျွန် တော်တို့ရဲ့ ပျော်ရွှင်မှု ဖြစ်ပါတယ်။ နေ့တိုင်းလိုလို လက်ဖက်ရည်ဆိုင် မှာ ကျွန်တော်တို့ဆုံကြတယ်။ စိတ် ကူးတည့်ရာ လေပစ်ကြ၊ တစ် ယောက်ကို တစ်ယောက် စကြ နောက်ကြဆိုတော့ စိတ်ထဲမှ ဖိစီး နေတာတွေ အော်တိုမစ်တစ် လွင့် ပျောက်သွားလေ့ရှိပါတယ်။ ဒီမှာ အံ့သြစရာကောင်းတာက လူငယ် တွေပါ။ သူတို့လည်း ကျွန်တော်တို့လို ပဲ လက်ဖက်ရည်ဆိုင်မှာဆုံတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာ ဝိုင် ဖိုင်သုံးလို့ ရနေတော့ ဟန်းဖုန်း ကိုယ်စီနဲ့ အင်တာနက် ဖွင့်ကြည့် နေကြတယ်။ စားပွဲဝိုင်း တစ်ဝိုင်း တည်း မျက်နှာချင်းဆိုင် ဆုံကြပေ မယ့် တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ ဟန်းဖုန်း ကိုယ်စီနဲ့ အင်တာနက်ကြည့်နေကြတဲ့ လူငယ် တွေကို ကြည့်ရင်း နားမလည်နိုင် အောင်ဖြစ်သွားပါတယ်။ ဒီလိုဆိုရင် လက်ဖက်ရည်ဆိုင်တွေဟာ ကျွန် တော်တို့တုန်းကလို အချင်းချင်း ပေါ့ပေါ့ပါးပါးတွေ့ဆုံဖို့ မဟုတ်တော့ ဘဲ ပိုက်ဆံမကုန်ဘဲ အင်တာနက်သုံး ရလို့ ရောက်လာကြဟန်တူပါ တယ်။ခေတ်နဲ့ခံစားမှုက မတူညီ တော့ဘူးလေ။
ဘာပဲဖြစ်ဖြစ်လေ။ ကျွန်တော် ကတော့ အသိုင်းအဝိုင်းလေးနဲ့ ခေတ်နဲ့အတူ ရှေ့သို့ချီတက်နေ ပါတယ်။ လက်ဖက်ရည်ဆိုင်ရောက် ရင် ကြားရတဲ့ သတင်းတွေ ပြောကြ၊
ဝေဖန်ကြပေါ့။ ဒီမှာပဲ တစ်ယောက် က ဒေါ်လာဈေးတွေ တတ်နေပြီကွ လို့ ပြောစရာ ဆွေးနွေးစရာဖြစ်ဖို့ စကားလမ်းကြောင်း အစဖော်ပေး လိုက်ပါတယ်။ ဒေါ်လာဈေးတက်ရင် ဘယ်လိုဖြစ်မလဲ။ သွင်းကုန်တွေ ဈေးတက်လာမယ်။ အဲဒီနောက် ဘာဖြစ်သွားနိုင်မလဲ၊ အရောင်း အဝယ်ကိစ္စမှာ ကုန်သည်တွေ ဘယ် သူတွေထိခိုက်ပြီး ဘယ်သူတွေပွ သွားနိုင်မလဲ။ ပညာရှိပီသစွာဖြင့် မေးအောက်ကမုတ်ဆိတ်တိုနံ့နံ့ လေးကို ပွတ်ပြီး စဉ်းစားနေတုန်း သူငယ်ချင်းတစ်ယောက်က ဒေါ်လာ ဈေးတက်တယ်ဆိုလို့ တိဘက်သွား တုန်းက ငါ့အတွေ့အကြုံလေး ပြော ရဦးမယ်ဆိုလိုက်လို့ သူ့ဖက်ကို အာရုံရောက်သွားပါတယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်းကို ရောက်သွားပြီး အားလပ်ရက်ရ တာနဲ့ တိဘက်ကို သွားကြသတဲ့၊ ကူမင်းကနေ တာလိမြို့ကို တစ်ည လုံးရထားစီး၊ ပြီးမှ တာလိကတစ်ဆင့် စင်ကျန်းဆိုလား အဲဒီမြို့ကို မော် တော်ကားနဲ့ သွားကြသတဲ့၊ စင် ကျန်းကနေ တိဘက်ရဲ့ ရှန်ဂရီလာ မြို့ကို ဆက်သွားကြတယ်ဆိုပဲ။ အမှန်တော့ ရှန်ဂရီလာဆိုတာ တကယ်ရှိတာမဟုတ်ပါဘူး၊ စာရေး ဆရာတစ်ယောက်က တိဘက် ဒေသကိုရောက်ပြီး ရှန်ဂရီလာဆို တဲ့အမည်ကို စိတ်ကူးယဉ်ပေးလိုက် လို့ အဲဒီနာမည်က ထင်ရှားသွား တာဖြစ်ပါတယ်။
ဒါကို တိဘက်မှာ ရှိတဲ့ မြို့တစ်မြို့က သူ့မူရင်းနာမည် ပျောက်ပြီး ရှန်ဂရီလာရယ်လို့ နာမည်ပေးလိုက်တာလို့ သူကရှင်းပြ ပါတယ်။ရှန်ဂရီလာမှာရှိတဲ့ တိဘက် ဘုန်းတော်ကြီးကျောင်းကို ရောက် သွားတယ်။ သူက ရောက်တုန်း ရောက်ခိုက် ဘုန်းတော်ကြီးကျောင်း အလှူခံမှန် သေတ္တာထဲမှာ တရုတ် ယွမ်ငွေတွေအပြင် ဒေါ်လာတွေနဲ့ တစ်ခြားနိုင်ငံခြားငွေတွေ ရှိနေ ပါတယ်။ သူက အလှူငွေ ထည့်မလို့ လုပ်တော့ တိဘက်ဘုန်း တော်ကြီး တစ်ပါး သူ့ဆီကိုရောက်လာပြီး သူ့ လက်ထဲက တစ်ထောင်တန် စက္ကူကို ဆွဲယူကြည့်လိုက်ပါတယ်။ ဒါက ဘာလဲ သူမမြင်ဖူးဘူးလို့ မေး တော့ မြန်မာငွေဖြစ်တဲ့ အကြောင်း ပြောပြ ပါတယ်။ ဒီတော့ ဘုန်းတော်ကြီးက ဒေါ်လာနဲ့ဆိုရင် ဘယ်လောက်ရ မလဲမေးလို့ သူငယ်ချင်းက ဒေါ်လာ နဲ့မြန်မာ ငွေ တရားဝင်လဲလှယ်နှုန်း ၆-ကျပ်နဲ့ လဲလှယ်လိုက်ရင် ဒေါ်လာငွေ ၁ဝဝ ကျော်ရှိ မယ့် အကြောင်း ရှင်းပြပါတယ်။ အဲသည် မှာ တိဘက် ဘုန်းကြီးက ဘာပြန် ပြောလဲသိလား။ နင့်ငွေကို ငါမမြင် ဖူးဘူး။ ဒေါ်လာနဲ့ လဲပြီး ဒေါ်လာ ၁ဝဝကိုပဲ လှူခဲ့ဖို့ပြောသတဲ့။
မင်းက ဒေါ်လာနဲ့လဲပြီး ပိုက်ဆံလှူလိုက်ရောလား- တစ် ယောက်ကကြားဖြတ်မေးလိုက် တော့ ဇာတ်ကြောင်းပြန်ပြောတဲ့ သူငယ်ချင်းက တ ဟားဟားရယ်ရင်း ဘယ်လိုလုပ်လဲရမလဲကွ၊ မြန်မာ ငွေလက်ခံတဲ့ ငွေလဲကောင်တာမှ မရှိတာလို့ပြောလိုက်တာပေါ့၊ ကျွန် တော်တို့လည်း နိုင်ငံခြားမှာ မြန်မာ ငွေရဲ့ မျက်နှာမလှပုံကို တွေးမိရင်းပြုံး စိပြုံးစိ ဖြစ်သွားတာပေါ့နော်။ ဒါပေမဲ့ပေါ့လေ၊ အခုလို ပွင့်လင်း မြင်သာရှိလာပြီး နောင်တစ်ချိန်မှာ မြန်မာငွေလည်း နိုင်ငံတကာ ငွေ ကြေးလဲလှယ်မှုမှာ အဆင့်တစ် နေရာ ရောက်သွားမယ်လို့ ထင်မိပါ တယ်။ အနည်းဆုံး အာဆီယံနိုင်ငံ တွေမှာပေါ့။ ထိုင်းသွားသွား၊ မလေး ရှားသွားသွား အဲဒီနိုင်ငံတွေမှာ မြန်မာငွေနဲ့ သူတို့ငွေတွေလဲလှယ် ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ ကိုယ့်ကမြန်မာငွေနဲ့ နိုင်ငံတကာက ငွေကြေးတွေရဲ့ ဆက်စပ်နယ်ပယ်ကို ပညာရှင်မဟုတ်လို့ သိပ်နားမလည် ပါဘူး။ ကျွန်တော်တို့မှာ ဒေါ်လာ ငွေအသာထားလို့ မြန်မာငွေတစ် ထောင်တန်တွေကိုတောင် ဖောဖော သီသီသုံးနိုင်တာ မဟုတ်ဘူးလေ။
မနက်(၁၁းဝဝ)နာရီထိုးတော့ လက်ဖက်ရည်ဆိုင်က ကျွန်တော် တို့တစ်တွေ လမ်းခွဲပြီး အိမ်ပြန်ဖို့ ဟန်ပြင်လိုက်ကြပါတယ်။ ဒီအချိန် မှာပဲ သူငယ်ချင်းတစ်ယောက်ဆီကို တယ်လီဖုန်းဝင်လာပါတယ်။ သူက တယ်လီဖုန်းပြောပြီး ကြားခဲ့ရတဲ့ သတင်းကို ပြန်လည်ဖောက်သည်ချ လိုက်တော့ ကျွန်တော်တို့မျက်လုံး ပြူးသွားပါတယ်။ မန္တလေးနဲ့ နှစ်မိုင် လောက်ဝေးတဲ့ ပုသိမ်ကြီးမြို့က အိမ်တစ်အိမ်ကို ဂြိုဟ်သားအီးတီ ရောက်နေလို့တဲ့။ သူ့ကို ကြည့်ဖို့ လူတွေလည်းမနည်းဘူးတဲ့။ ကြား ရတဲ့ သတင်းကြောင့် ကျွန်တော် တို့အားလုံး စဉ်းစားခန်းဝင်လိုက် ကြပါပြီ။ ကြံကြံဖန်ဖန် ဘယ်လိုလုပ် ဖြစ်နိုင်မလဲ၊ တစ်ခုခုတော့ မှားယွင်း နေပြီလို့ ကျွန်တော်တွေးလိုက်ပါ တယ်။ အင်း-မန္တလေး..မန္တလေး။ ဟုတ်ဟုတ် မဟုတ်ဟုတ် သတင်း တစ်ခု ကြားရရင်လူတွေ အုတ်အော် သောင်းနှင်း ဖြစ်ကြရစမြဲပါ။ လွန်ခဲ့ တဲ့ တစ်နှစ်လောက်ကလည်း ပုဂံ ပြားပျံရောက်လာတယ်ဆိုပြီး ပွက် လောရိုက်ကုန်ကြပါသေးတယ်။ အမှန်ကတော့ အသစ်ဖွင့်မယ့် ဟော်တယ်ကြီးတစ်ခုက မိုးပေါ်ကို မီးဆလိုက်တွေ စမ်းရင်းနဲ့ လူတွေက ထင်ရာမြင်ရာ ပြောကြပြီး ကောလာ ဟလ ဖြစ်သွားတာပါ။ ခက်တာက လူတွေက ဘာသတင်းဖြစ်ဖြစ် ယုံ လွယ်ကြတယ်။ ဒီအထဲ ကျွန်တော့် သူငယ်ချင်း တစ်ယောက်တောင် ပါ သေးတယ်။ ပုဂံပြားပျံတို့ဆီ ရောက် လာတာ ထူးဆန်းတယ်။ ဂြိုဟ်နဲ့ ကမ္ဘာမြေကို ဆက်သွယ်ဖို့ လာဟန် တူတယ်။ ဒီအတိုင်းဆိုရင် နောင် တစ်ချိန်မှာ ကမ္ဘာမြေနဲ့ ဂြိုဟ်ကို ခရီးသည်ပို့ဆောင်ရေးလုပ်မယ်ရှိ တယ်။
အဲဒီလိုအချိန်မှာ မော်တော် ကားဂိတ်တွေလို ဂြိုဟ်တွေကို ပုဂံ ပြားပျံနဲ့ ပို့ပေးမယ့် ဂိတ်တစ်ခု ဖွင့် ပေးလိုက်ရင် ပွပြီကွလို့ ခပ်တည် တည် ပြောလိုက်လို့ ကျွန်တော်တို့ တစ်တွေ ဟားတိုက်ရယ်ကြပါသေး တယ်။ တကယ့်Óဏ်ကြီးရှင်ပါပဲ။ သူငယ်ချင်းတစ်ယောက်က မင်းရဲ့ ပုဂံပြားပျံဂိတ်နားမှာ ကွမ်းယာ ဆိုင် လေးဖွင့်ပါရစေတဲ့။ တခြား တစ် ယောက်ကတော့ မန္တလေးထိုးမုန့် တို့၊ နေကြာစေ့တို့ကို လက်ပွေ့လေး နဲ့ ရောင်းပါရစေတဲ့။ ကျွန်တော်က လည်း အားကျမခံ ငါကတော့ ဆိုင် ကယ်တက်စီ ဆွဲမယ်လို့ ပြောလိုက် မိပါသေးတယ်။ မဟုတ်မှန်းသိပေ မယ့် စိတ်ကူးတည့်ရာ ပြောကြရင်း ရင်ထဲက ဖိအားတွေ လျော့နည်း သွားအောင် လုပ်ကြရတာက လူ့ သဘာဝပေကိုးနော့်။
အခုလည်း အီးတီရောက်လာ ခြင်းဆိုတဲ့ သတင်းဟာ လုံးဝမဖြစ် နိုင်တဲ့ ကောလာဟလသတင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အီးတီ ကြောင့် အချိန်တန်အိမ်မပြန်နိုင်ဘဲ ဖြစ်သွားပါတယ်။ သိပ်မကြာပါဘူး။ ကင်မရာအသစ်ဝယ်လာတဲ့သူက သူ့မိသားစုကို ဓာတ်ပုံ ရိုက်ပေးရင်း အဲဒီကင်မရာထဲမှာ ထည့်ပေး လိုက် တဲ့ပုံက ဓာတ်ပုံထဲပါလာလို့ ထိတ် လန့်တကြား ဖြစ်သွားရင်း ဒီလို ကောလာဟလဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ သတင်းတွေက တစ်ယောက်နဲ့ တစ်ယောက်ပြောကြ ရင်း ပြန့်ကားသွားတာပါ။ ကျွန် တော်တို့ဆီရောက် လာတော့ အီးတီ ကိုယ်တိုင်ရောက်လာတာမျိုး ဖြစ်နေ ပါပြီ။ ကောလာဟလတော့ ကော လာဟလပေါ့။ တကယ်လို့ အစစ် အမှန်သာဆိုရင် အီးတီတော့ မချောင်ဘူး။ သူ့ကို ကြည့်ချင်လို့ လာကြတဲ့လူအုပ်ကြီးက ထောင်ချီ ရှိနေသတဲ့။ ဒီလူအုပ်ကြီးနဲ့ လွတ် အောင်ရှောင်ပြေးဖို့ မလွယ်လှဘူး။ ပြေးရင်ပြေးတဲ့ နောက်ကို ညာသံ ပေးလိုက်ကြတော့မယ်။ ကဲ…မောင် အီးတီ၊ မင်းဘယ်ပြေးမလဲ-လို့ ပေါက်ပေါက်ရှာရှာ တွေးရင်းပြုံး လိုက်မိပါရော။ လူဆိုတာ ဒီလိုပါပဲ။ နေ့စဉ်စားဝတ်နေရေးအတွက် ဘယ်လောက်ပဲ ခေါင်းခြောက် နေ ပါစေ၊ ကိုယ့်ကိစ္စထက် သူများ အကြောင်းကို စိတ်ဝင်စားကြစမြဲ မဟုတ်လား။ ထူးထူးဆန်းဆန်းဆိုရင် ပိုလို့တောင် အာရုံစူးစိုက်လိုက်ပါ သေးတယ်။
ကိုထွန်း-လမ်း(၈ဝ)