Quantcast
Channel: ရသ၀တ္ထုတို – Yati Magazine
Viewing all articles
Browse latest Browse all 212

ခန်းခြောက် လာနေသော မြေအောက် ရေကြောများ

$
0
0

အိန္ဒိယနိုင်ငံ တီရူပူမြို့နေ ဆူရှက်ရှ်ပွန်နူးဆွာ မိသည် သူဌေးတစ်ယောက်မဟုတ်သော်လည်း  နှစ်ဧကကျယ်လယ်ကွင်းကိုပိုင်ပြီး ကားနှစ်စီးလည်း ရှိကာ အိမ်ဖော်လည်း ထားနိုင်သူဖြစ်သည်။

သူ့စီးပွားရေးကောင်းရခြင်း၏ အကြောင်း ရင်းမှာ အိမ်ဘေးရှိ ရေကန်ကြီးကြောင့် ဖြစ်သည်။ သူ့ခြံဝင်းထဲရှိ စက်ရေတွင်းများမှ စုပ်ယူ၍ ယင်း ရေကန်ထဲ သို့ ဖြည့်တင်း ထားသော မြေအောက်ရေ များကို တစ်နေ့လျှင် ရေကား ၁ဝ စီးခန့်က လာ ရောက်ဝယ်ယူကြသည်။ဆူရှက်ရှ်ပွန်နူးဆွာမိသည် အခြားဘာမျှလုပ်စရာမလို၊ ရေကန် ထဲရေဖြည့်နေ ရုံမျှနှင့် ဝင်ငွေမှန်မှန်ရနေသည်။ ဆူရှက်ရှ်သာ မဟုတ်၊ သူ့အိမ်နီးချင်းအချို့သည်လည်း ရေ ရောင်းစားခြင်းဖြင့် ဝင်ငွေကောင်းနေကြသည်။

သို့သော် ယင်းငွေရပေါက်မှာ တာရှည်ခံမည် မဟုတ်ကြောင်း သူတို့သိနေကြသည်။ အကြောင်း မှာ စက်ရေတွင်းများသည် တဖြည်းဖြည်းခန်း ခြောက်လာနေ ၍ ရေစုပ် မရဖြစ်ကာ ပို၍နက်သော တွင်းသစ်များ တူးနေကြရသောကြောင့် ဖြစ် သည်။

တီရူပူမြို့ရှိ ဆေးဆိုးပန်းရိုက်စက်ရုံများက ဆူရှက်ရှ်ပွန်နူးဆွာမိနှင့် သူ၏အိမ်နီးချင်းများထံ မှ ရေကို ဝယ်နေကြသည်။ ယင်းစက်ရုံများသည် တစ်ချိန်က မြို့အနီးရှိ ကာဗာ ရီမြစ်မှ ရေကို သိုလှောင်ထားသော ကန်မှရေကို ရယူခဲ့သည်။ သို့သော် မြစ်ညာအရပ်မှလယ်သမားများက မြစ် ရေကို ဖြတ်ယူခဲ့သဖြင့် တီရူပူမြို့သို့ရောက်သော် ကာဗာ ရီမြစ်ရေသည် အချိန်အတော်များများတွင် ခန်းလုနီးပါး ကျဆင်းသွား၍ စက်ရုံများသည် ရေရောင်းသူများထံမှ ရေကို ဝယ်သုံးနေကြရ သည်။

အိန္ဒိယတွင်သာမဟုတ်၊ ကမ္ဘာ့နေရာအတော် များများတွင် မြေအောက်ရေကို တူးယူရောင်းစား နေမှုသည် အတော်အဆင်ပြေနေသော စီးပွားရေး လုပ်ငန်းဖြစ်နေသည်။ ကနဦးကတော့ ရေထုတ် ရောင်းနေသူများရော၊ ဝယ်သုံးသူများကပါ မြေ အောက်ရေကိုစဉ်ဆက်မပြတ် ထုတ်ယူနိုင်လိမ့် မည်ဟု ထင်ခဲ့ကြသည်။ ပြန်ပြည့်နိုင် သည့်ပ မာဏ ထက် ကျော်လွန်၍ ထုတ်သုံးမိကာ ရေတွင်းထဲရှိ ရေမျက်နှာပြင် နိမ့်ကျလာပြီး ထုတ်၍မရတော့မှ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာကြသည်။ ဤ တွင် ပို၍နက်ေ သာ စက်ရေတွင်းများကိုထပ်တူး ရသည်။ တွင်းသစ်များပါ ရေခန်းသောအခါမှ မြေအောက်ရေသည် ထုတ်ချင်တိုင်း ထုတ်၍မရ ပါလားဟု သိလာကြသည်။

 အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးမှုတော်လှန် ရေးပေါ်ပေါက်သည်ဟု ဆိုရလောက်အောင် သီးနှံအထွက်ကောင်းသည်။ သို့သော် စိုက်ပျိုးရေး အတွက် အဓိကပံ့ပိုးပေးနေသည့် အိန္ဒိယမြေ အောက်ရေကြောများသည် လျင်မြန်စွာခန်း ခြောက်လာနေခြင်းကြောင်းယင်းသို့ အထွက် ကောင်းနေခြင်းသည် ရေရှည်ခံမည်မဟုတ်ပေ။

အိန္ဒိယ၏ မြေအောက်ရေထုတ်သုံးမှုပမာဏသည် မိုးရေ၊ မြေပေါ်ရေတို့မှ သဘာဝအလျောက် ပြန် စိမ့်ဝင်နိုင်သည့် ပမာဏထက် များစွာ ပိုလွန်နေ သည်။ တစ်နည်းဆိုရ လျှင် လက်ရှိအိန္ဒိယမျိုးဆက်များသည် အနာဂတ်မျိုးဆက်များ သုံးရမည့် မြေ အောက်ရေများကို ကြိုတင်ထုတ်ယူသုံးစွဲနေသည် ဟု ဆိုနိုင်သည်။

နောက်ဆုံးခန့်မှန်းချက်အရ မြေပေါ်မှ သဘာဝအလျောက် ပြန်လည်စိမ့်ဝင်သည့်ပမာဏ မှာ တစ်နှစ်လျှင် ၂၉ ကုဗမိုင်မျှသာ ဖြစ်သော် လည်း အိန္ဒိယသားတို့သည် တစ်နှစ်လျှင် မြေ အောက်ရေ ၄၆ ကုဗမိုင်ကို စုပ်ယူနေကြသည်။ ပြန်ပြည့်နိုင်သည်ထက် တစ်နှစ်လျှင် ၁၇ ကုဗမိုင် မျှ ပိုထုတ်နေကြသည်။ အလားတူ အိန္ဒိယ၏ အနောက် ဘက် အိမ်နီးချင်းပါကစ္စတန်သည် ၈ ဒသမ ၄ ကုဗမိုင်၊ အမေရိကန်သည် ၇ ဒသမ ၂ ကုဗမိုင်၊ တရုတ်နှင့် အီရန်တို့သည် ၄ ဒသမ ၈ ကုဗမိုင်စီ ပြန်ပြည့်နိုင်သည့် ပမာဏ ထက် ပိုထုတ် နေကြသည်။

တစ်ကမ္ဘာလုံးဆိုလျှင် ကုဗမိုင် ၆ဝ မျှ မြေအောက်ရေ ပိုသုံးနေကြသည်။ အဓိက ပိုထုတ်နေကြသော နိုင်ငံများမှာ အီဂျစ်၊ ဥဇဘက် ကစ္စတန်၊ လစ်ဗျား၊ အယ်လ်ဂျီးရီးယား ၊ မော်ရော့ ကို၊ ဆီးရီးယား၊ အစ္စရေးနှင့် သြစတေးလျတို့ ဖြစ် ကြသည်။မြေအောက်ရေကို အများဆုံးအသုံးပြုနေ သော နေရာမှာ စိုက်ပျိုးရေးကဏ္ဍတွင်ဖြစ် သည်။ ရေ အသုံးစုစုပေါင်း၏ ၃ ပုံ ၂ ပုံကို စိုက်ပျိုးရေး အဖြစ် အသုံးချနေကြသည်။ ဤအတိုင်းဆက် သွားနေလျှင် ရေလုံးဝပြတ်မည့် အခြေအနေသို့ ရောက်နိုင်ကြောင်း အမေရိ ကန်နိုင်ငံရှိ အချို့ ဒေသများက ညွှန်းဆိုနေသည်။ အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှ တောင်ဒါကိုတာပြည်နယ် အထိ ကျယ်ပြန့်သော အိုဂါလာလာမြေေ အာက် ရေကြောမှ ရေများကို လယ်ကွက်များထဲသို့ အဓိကပေးသွင်းနေသည်မှာ နှစ်ပေါင်း ၅ဝ ကျော် ခဲ့ပြီ။

ယင်းရေတွင်းများမှရသော ရေဖြင့် စိုက်ပျိုးမှု ကြောင့် နိုင်ငံတကာဂျုံဈေးကွက် လိုအပ်ချက်၏ ၄ ပုံ ၃ ပုံမျှအထိကိုပင် ထုတ်လုပ်ပေးနေခဲ့သည်။ သို့သော် အိုဂါလာလာရေ များကို ထုတ်ယူနေသော စက်ရေတွင်းများ တစ်တွင်းပြီးတစ်တွင်း ခန်း ခြောက်လာနေသည်။ ရေအထွက်နည်းလာနေ သည်။

ထိုသို့မြေအောက်ရေ ပမာဏလျော့ကျလာ နေခြင်းကို လစ်ဗျားနိုင်ငံတွင်လည်း တွေ့နေရ သည်။ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီသည် လစ်ဗျားတောင်ပိုင်း ရှိ မြေအောက်ရေကြောမှ ရေများကို အမေရိကန်ဒေါ်လာ ဘီလျံ ၃ဝ အကုန်အကျခံ၍ နိုင်ငံမြောက်ပိုင်းသို့ ပို့လွှတ်ခဲ့ သည်။ ”မဟာလူလုပ်မြစ်” ဟု အမည်ပေးထား သော ယင်းစီမံကိန်းတွင် ရေပို့ပိုက်လိုင်းအရှည် စုစုပေါင်းမိုင် ၂ဝဝဝ ကျော် ပါဝင်သည်။ နေတိုး အဖွဲ့၏ ကဒါဖီဖြုတ်ချရေးလုပ်ဆောင်ချက်အရ လစ်ဗျားကို ဗုံးကြဲရာတွင် ယင်းပိုက်လိုင်းများ ပါဝင်ခဲ့သော်လည်း ရေပို့လွှတ်ခြင်း ရပ်တန့်မသွား ခဲ့ပေ။ သို့သော် ထုတ်ယူပမာဏများလွန်းလှသည့် အတွက် စက်ရေတွင်းများ ခန်းလာနေရာ နေတိုး ဗုံးဒဏ်ကြားမှ ရေပို့နိုင်ခဲ့သေးသော စီမံကိန်းကြီး သည် မိမိနိုင်ငံသားများ ရေအထုတ်လွန်သည့် ဒဏ်ကိုမူ မခံနိုင်တော့ဘဲ နှစ်များမကြာမီ ပို့စရာ သုံးစရာရေမရှိဖြစ်သွားနို င်သည့် အခြေအနေကို ကြုံနေရသည်။

ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် ၏အဆိုအရမူ မိမိပိုင်နက်ထဲမှ ရေကောင်းရေသန့် ခန်းခြောက်သွားနိုင်သည့် ဒေသမှာ ဂါဇာကမ်း မြှောင်ဒေသဖြစ်သည်။ ပါလက်စတိုင်းလူမျိုးတို့ နေထိုင်ပြီး မြေထဲပင်လယ်ကမ်းစပ်တွင် တည်ရှိ သော ဂါဇာတွင် မြေပေါ်မြစ်ချောင်း လုံးဝမရှိချေ။ ပင်လယ်ရေငန်မှ ရေချိုချက်စက်ရုံများကို တည် ရန်လည်း မတတ်နိုင်၍ ယင်းဒေသနေ ပါလက် စတိုင်းလူမျိုး ၁ ဒသမ ၇ သန်းသည် မြေအောက် ရေကိုသာ လုံးလုံးအမှီပြုနေရသည်။ ယင်းတို့ ထုတ်ယူနှုန်းသည်
ပြန်ပြည့်နိုင်သည့်နှုန်းထက် ၃ ဆခန့်များနေသဖြင့် မြေအောက်ရေပြင်နိမ့်ကျကာ ဆားငန်ရေများ တိုးဝင်လာနေသည်။ ၂ဝ၁၆ ခုနှစ်တွင် မြေအောက်ရေများသည် အငန် ဓာတ် ကဲလွန်းပြီး သောက်သုံး၍မရဖြစ်တော့မည်ဟု ခန့်မှန်းထားကြသည်။

ဂါဇာ၏ ပြဿနာသည် ယင်းဒေသနေ ပါလက်စတိုင်းများအတွက်သာ မဟုတ်၊ တစ်ကမ္ဘာလုံးအတွက် အချက်ပေးသံဖြစ်သည်။ ရေသည် မရှား၊ သို့သော် သောက်နိုင် သုံးနိုင်သည့် ရေသည် ရှားလာရုံသာမဟုတ်၊ ဒေသအများ အပြားတွင် ရှာ၍ပင်မရနိုင်တော့သည့် အခြေအနေရောက်ရန် နီးကပ်လာနေသည်။

ရေကို မည်သည့်အရာနှင့် အစားထိုးကြပါ မည်နည်း။

ကျော်ဦး    


Viewing all articles
Browse latest Browse all 212

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


အဆိပ်ပင်လော ဆေးပင်လော ( ကိုယ်ရံကြီးဂမုန်းပင်​)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...