Quantcast
Channel: ရသ၀တ္ထုတို – Yati Magazine
Viewing all articles
Browse latest Browse all 212

ရွက်နုခြောက်ကြွေ

$
0
0

အနည်းငယ် လှုပ်ရွေ့လိုက်ရုံ နှင့် အသားစိုင်တို့ ပဲ့ကြွေသွားမည် ထင်သည်။ ခန္ဓာတစ်ခုလုံးလည်း နာကျင်ကိုက်ခဲ၍ နေ၏။ ငါဆိုသော အတ္တနှင့် ဆွဲတင်း မတ်နေသည့် စိတ်များလည်း လျော့ရဲ ပျော့ခွေရိကျ နေပြီ။ စိတ်ခန္ဓာ တစ်စုံလုံး ယိုင်နဲ့ ပျောက်ကွယ်ချိန် နီးလာလေလေ ကြောက်ရွံ့ ထိတ်လန့်မှုတို့ ပိုများ လာလေလေနှင့် စိတ်တို့ယောက် ယက်ခတ် ပူလုံးဆင့်လာ၏။ မည်သူ တွေ ဘယ်လိုပင် ပြုစု လုပ်ပေးပေး စိတ်တိုင်းလည်း ကျသည် မရှိ။ မခင်စု ဆေးတိုက်ရန် ပြင်ပြန်ပြီ ထင်သည်။ ပျောက်သည်လည်း မဟုတ်ဘဲနှင့် သောက်ပဲ သောက်ခိုင်းနေသည်။ ဆရာဝန်ပြောင်း ဆေးပြောင်း ကုထုံးပြောင်းဟု အော်ဟစ်ပစ်လိုက် ချင်လည်း နှုတ်ခမ်းလွှာ ဖွင့်ရန်ပင် အားမပြည့်။ မခင်စုနှင့်လည်း အခက်။ အမေမှာ မှာသည် အတိုင်း ပြုကျင့်နေပြန်ပြီ။ ဒီသောက်ဆေး တွေကို အားအား ရှိတိုင်း သောက် ခိုင်းနေတော့သည်။ ပျောက်သည် လည်းမဟုတ်။ မျက်လုံးကို အားယူ မှိတ် အိပ်မောကျ ဟန်ပြုထားလိုက်သည်။ အား …မခင်စု အလိုက် လုံးဝမသိပါလား။ အတင်းနှိုးပြီး မှီကာ ထိုင်ခိုင်းနေပြန်၏။ ဆေးတစ် လုံးစီကို ဖြည်းဖြည်းသာသာ ရေနှင့် မျှောချပြီး အချိန်မှာ ရင်တစ်ပြင် လုံး မောဟိုက် ဖိုလှိုက်လာ၏။ အိပ်ရာ ပေါ် အသာပြန်လှဲချ အပြီးမှာ မျက် လုံးတွေ ပြာဝေ၍ ခေါင်းတစ်အုံလုံး ချာချာလည်နေသည်။ အား … မခင်စု၊ လမ်းထိပ်က ဆရာဝန်ကို သွားပင့်ချေ။ မရတော့ဘူး၊ မခံနိုင် တော့ဘူး၊ အား …မခင်စု၊ မကြား ပါလား၊ ဒုက္ခပါပဲ နားကလည်း ကန်းပါ့၊ မခင်စု …မခင်စု ခေါ် မကြား အော်မကြားပါလား၊ သေနေ ပြီလား မသိဘူး။

မျက်ဝန်းရိပ်တွေထဲမှာ ဖွဖွ လေး လူးလွန့်နေသည့် ခန်းဆီးစများ။ ဆေးလုံးတွေ ဆေးနံ့ ဆေးနံ့တွေ မခင်စု မခင်စု ဆေးနံ့တွေ နံလွန်းနေ ပါပြီ။ မခင်စု သြော် …ခန်းဆီးစ များကို ဘေးသို့ ဖယ်ပစ်ကာ ပြတင်း တံခါးတွေကို အားပါးတရ တွန်းဖွင့် လိုက်ချင်၏။ သို့ပေသော်လည်း လက်ပင် အားယူ၍ မြှောက်မရ တော့။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ ၍ နွမ်းလျနေသည်။ မခင်စုကိုပဲ …မခင်စု ပြတင်းပေါက်တွေကို …၊ မျက် လုံးတွေ မှေးစင်းကျလာ ပြန်သည်။

အမေ့ကို သတိရသည်။ ညီမလေးနှင့် မောင်ငယ်လေးလည်း အရွယ်တော်တော် ရလောက်ပြီ။ ချဉ်ရေဟင်းကျဲကျဲ တစ်ခွက်ကို အားပါးတရတော့ လုသောက် မနေ လောက်တော့။ ငါးရာတန်နွမ်းနွမ်း လေးတစ်ရွက်နှင့်။ အမေ၊ ညီမလေး၊ မောင်ငယ်လေးနှင့် ကျွန်မ။ မိုးတွေ တအား ရွာလွန်းနေသည့် နေ့လယ် ခင်း။ လေကြမ်းကြမ်း တစ်ချက်နှင့်။

ငွေ အတွက် ပေးဆပ်ခဲ့ရသော ခန္ဓာကိုယ်၊ သဒ္ဓါကြေး၊ တဏှာကြေး၊ ဘဝနှင့်သုည တစ်ထပ်တည်း ကျရောက်ခဲ့ချိန်မှာ ညီမလေး ကိုယ်တွေ တအားပူပြီး အဖျားတွေ တက်နေ၏။ အမေ …အမေက …အမေ့ကို သတိ ရလာပြီ။ မခင်စု အမေ့ကို ခေါ်ပေးစမ်းပါ၊ သြော် ပြောလည်း မကြားပါလား။ ကျောတွေလည်း ပူလာသည်။ ဖွဖွသာသာ ကြိုးစား သော်လည်း မရ။ အား …နှုတ် ခမ်းတွေ ခြောက်သွေ့လာပြီ။ ရင်လည်း ပူလာသည်။ မခင်စု …  မခင်စု…ဘယ်ရောက်နေပြန်ပြီ လည်း မသိ။

 နှုတ်ခမ်းပေါ် ရေစက် ကျလာသည်။ အငမ်းမရ လျက်ယူရင်း မျက်လုံးတွေကို အားယူ ဖွင့်ကြည့်မိသည်။ စိမ်းပြာပြာ မျက်နှာကြက်က မျက်ဝန်း အစုံကို မှေးစင်းကျအောင် ပြုစွမ်းနေ၏။ တစ်ခန်းလုံး တစ်အိမ် လုံး ငြိမ် ဆိတ်လှသည်။ တရားခွေ ဖွင့်ပြန်ပြီ။ ဘယ်ဆရာတော်များလဲ၊ ခန္ဓာသုတ်လား၊ မေတ္တာသုတ်လား၊  အား …ဘာသုတ်တွေပဲ ဖွင့်ဖွင့် မထူးပါဘူး။ ပိတ်လိုက်စမ်းပါ။ ဘာသံမျှ မကြားချင်။ ငြိမ်ဆိတ်မှုကို ပင် လိုချင်နေ၏။ ဇရာ၊ ဗျာဓိ၊ မရဏ ဘာသံကိုမျှ မကြားချင်၊ အနိစ္စ၊ ဒုက္ခ ဖြစ်ပျက်မှုမှတ် ဘာတွေ လည်း ခေါင်းတွေ ကိုက်ခဲအုံနေပြီ။ အဘယ် တရားဟောသံမျှ မကြားချင်၊ မနာချင်။ စိတ်မဝင်စား၊ နာကျင် ကိုက်ခဲမော ဟိုက်ခြင်းဝေဒ နာနှင့် ကိလေသာမျိုးစုံ ယောက်ယက်ခတ် ပြေးလွှားနေသည့် ခန္ဓာတွင်းကို အဘယ်တရားမျှ မဝင်။ အစွဲတရား တဏှာမီး ပြင်းပြင်းတွေသာ ပြည့် ကျပ်နေသည်။ ရောဂါအာရုံပေါ် ငြိယှက်ရင်း အတိတ်တူး ဝေဒနာများ ပါ တူးတွဲ၍ စိတ်နှလုံးကို ကျုံးသွင်း နေမိသည်။

ဘာကို ဘယ်လို ချစ်မှန်းမသိဘဲ အဆပေါင်းများစွာ သာလွန်သူ၏ ရင်ခွင်ထက် လဲလျောင်းမွေ့ပျော်ရင်း ပစ္စည်းဥစ္စာနှင့် မေတ္တာ တရားကို မှားယွင်း အသုံးချခံနေရသည်ကို သိလာချိန်မှာ ဆယ့် ရှစ်နှစ်ပြည့်လု လု။

အသက် နှစ်ဆယ့် သုံးနှစ်ပြည့် ချိန်မှာ ယောက်ျား ရခဲ့ခြင်းလား ယူခြင်း ခံရသည်လားကို သေချာဝေခွဲ မသိနိုင်ဘဲ သင်္ကာမကင်းမှုနှင့် အထင်သေးမှု ကြားက အိမ်ထောင်သည်ဘဝ ဒီလိုနှင့် အချစ်တစ်ပိုင်း တစ်စ လက်ကျန် အဖြစ် တိုက်ခန်း တစ်ခန်း၊ ဖုန်းတစ်လုံးနှင့် ရွှေတိုရွှေစ အနည်း အကျဉ်း လက်ဝယ်ကျန်ရစ် ရင်း ကားပွဲစား ကိုခိုင်စိုး၊ ပွဲရုံမှ ကိုမျိုးအောင်၊ ဆောက်လုပ်ရေးမှ ဦးအောင်၊ နေပြည်တော်မှ ဦးမောင်၊ ကျိုက်ထီးရိုး ဘုရားဖူး အပြန်မှာ အမှတ်မထင် တွေ့ဆုံခဲ့ရသော မောင်၊ ထိုမှ ချောင်းသာ၊ ငွေဆောင် ဧည့်ဝင်ခန်းများ …။ မခင်စု …မခင်စု ဧည့်သည်တွေ မလာ စေနှင့်၊ နေမကောင်းဘူး မလာစေ နှင့်။ မရှိဘူး ပြောလိုက်၊ ဆေးစစ် ချက် ဆေးလုံးတွေ ပညာပေး စကား တွေ၊ မခင်စု …မခင်စု ဘယ်သွား နေလဲ။ ခေါ်နေလည်း မကြား၊ အမေ့ကို သွားခေါ်၊ ညီမလေးလည်း ခေါ်၊ အိမ် အိမ်တိုင်ယိုင် လှုပ်လှုပ်၊ ငါးရာတန် အနွမ်းလေး၊ ငွေ ငွေနှင့် ပိုက်ဆံ၊ ပိုက်ဆံ ရှာရဦးမည်၊ ညီမ လေး ညီမလေး နေမကောင်းဘူး။

ဦးခေါင်းကို မခင်စုလက်ဖြင့် အသာထိန်းပေးရင်း ”ဘာဖြစ်လို့လဲ” ”ဘာလုပ်ပေးရမလဲ” ”ဘာပြောချင်လို့လဲ” စကားတွေ နားနားကပ်၍ ဒရောသောပါး မေးနေပြန်၏။ မခင်စုနှင့်လည်း အခက်၊ ခုချိန်ထိ ဘာလုပ် ရမည် ကို မေးနေတုန်း၊ ”နေမကောင်းဘူးလေ” ”နေမကောင်းဘူးလေ” ဟု အသံကုန် ဟစ်အော်၍ မခင်စုကို ပြောချင် သော်လည်း နှုတ်ခမ်းတွေ စေးကပ် နေ၍ ဖွင့်ဟပြောမရ။ မခင်စုကို မျက်လုံးသာ လှန်ကြည့်လိုက်၏။ ရင်ဘတ် အောင့်နာလာကာ ချောင်း တွေ တရစပ် ဆိုးလာပြန်သည်။ ရင်တစ်အုံလုံး မို့မောက်၍ နာကျင် လွန်းလာသည်။ မျက်လုံးတွေ ပြန် ဖွင့်မရနိုင်တော့။ မခင်စုလက်တွေ ရင်ဘတ်ပေါ် ဖွဖွလေးရောက်လာ ၏။ သည်လက်တွေ သည်လက်တွေ သည်လက်တွေနှင့်ပင် မေတ္တာမဲ့ ထွေးပွေ့ယူ ခေါ်သွားလေသော နေ့လယ်ခင်း။ မိုးချုန်းသံ ကျယ်ကျယ် ကြီးတစ်ချက်၊ ညီမလေး အရမ်း နေမကောင်းပါဘူး၊ အမေ …အမေက ပိုက်ဆံ၊ ပိုက်ဆံ၊ တစ်ထောင်တန် ငါးရွက်။

တဏှာငွေ့လျှံဝေထွက်နေ သော မျက်နှာထူ အမ်းအမ်းကြီး ”ငွေယူများနေပြီ” တဲ့။ ”ဘယ်သူမှ လည်း မသိ” ”မရှိဘူးဆိုတော့”၊ တစ်ထောင်တန်ငါးရွက် ဘဝ၏ ပျိုမျစ်နုနယ် တက်လှမ်းစ၊ မိုးတွေ တအား ရွာသွန်းနေပြီ။ မခင်စု ..မခင်စု ပြတင်းတံခါးတွေ မပိတ် သေးဘူးလား။ ဧည့်သည်နှင့် စကား ပြောနေပြန်ပြီလား၊ လက်မခံနှင့်လေ၊ မရှိဘူး ပြောလိုက်။

မခင်စု … ဘာတွေ လုပ်နေပြန်ပြီလဲ။ ခြေသံတွေ…ခြေသံတွေ လူးလွန့်သံတွေ ရွေ့လျား ပုံရိပ်တွေ ခန်းဆီးစတွေကို မခင်စု၊ မခင်စု လဲနေပြန်ပြီလား။ နှစ်လ တစ်ခါ ပြောင်းလဲ တပ်ဆင်ခဲ့သည့် ခန်းဆီးရောင်စုံ များ၊ ပြာလဲ့လဲ့၊ ဖြူလွလွ၊ ဝါနုနု၊ စိမ်းဖန့်ဖန့်၊ နီစွေး စွေး၊ ပန်းသွေးရင့်ရင့်၊ အပွင့်အခက် အဖူးအနွယ် အလိမ်အရစ် ခန်းဆီးစ တို့၏ နောက်ကွယ်မှာ ရမ္မက်ယူ ပင့်သက်တြွေေ>ွခယူရင်း ငွေကြေး များ၊ အပေးအယူ လက်ဆောင်များ။ မခင်စု …မခင်စု အမေ့ကို သွား သွားခေါ်၊ ပိုက်ဆံတွေ ပေးရအောင်၊ ခေါင်း ခေါင်းကို ဘယ်သူလာကိုင် ပြန်ပြီလဲ။ မခင်စု …မခင်စုလား၊ အဖေ …အဖေ

 ”အကြီးမ၊ အငယ်လေးတွေ ဂရုစိုက်ပေး” ပြောပြီး ခေါင်းကို တစ်ချက်ပုတ်၍ ကျောခိုင်းထွက် သွားသော အဖေ၊ အဖေ ပြန်ရောက် လာပြီလား

”ကောင်မလေးက ငယ်သေးတာပဲ” တဲ့။ ဘယ်သူ့ အသံများလဲ၊ ဒေါ်ကေသီ …ဒေါ်ကေသီ ရောက်နေပြန်ပြီလား။ ဘဝကို နေတတ် ခံယူတတ်အောင် သင်ကြား လမ်းပြပေးသူ၊ ငွေကြေးကို ဖန်တီး ရှာဖွေတတ်ရန် နည်းပေးလေ သူ၊ အမှောင်ခန်း ကျဉ်းကျဉ်းမှ အလင်းဖျော့ဖျော့ အိပ်ခန်းများဆီ သို့။

”အမေ စိတ်ချနေနော်၊ မောင် လေး မောင်လေး စာလိုက်နိုင်လား၊ လမကုန်ခင် ငွေပို့နိုင်အောင် ကြိုး စားရမှာပါ၊ အမေ …အမေ နေကောင်းအောင်နေပါ၊ သမီး… သမီး အဆင်ပြေပါတယ်၊ ပြေပါ တယ်”

မုန့်ဖိုးဖြင့် ကမ္ဘာပတ်နေကြသူ များကြားမှာ ညစာ မချက်ရသေး၍ နှုတ်ခမ်းနီ ရဲဆေးတင်ပြီး ဈေးကွက် ရှာထွက်နေရသူတွေ၊ ထွက်လာသူ တွေ၊ ထွက်လာမည့်သူတွေ၊ အမေ … အမေ ညီမလေးကို ဂရုစိုက် နော်။

”ဘဝတစ်ခု ရလာဖြစ်လာပြီ ဆို သည်လို အိုနာသေဘေး ဒုက္ခဖြစ်စဉ် အတိုင်း ဒုက္ခတွေ ဖြစ်နေဦးမှာပဲ၊ ဒီ အိုနာသေဘေး ဒုက္ခက လွတ်ငြိမ်းရန် တစ်ခုတည်းသောဆေးက …”

ဆေးက …မခင်စု မခင်စု ဆေးမတိုက်သေးဘူးလား၊ အိုနာ သေ…မအိုသေးပါဘူး၊ အခုမှ သုံးဆယ်ကျော်လေးပဲ…၊ မခင်စု မခင်စု ခေါ်နေကျ ဆရာဝန် မခေါ် နှင့်၊ ပြောင်းခေါ် ပြောင်းခေါ်ပေး ပါ၊ ခေါင်းတစ်ခြမ်း ရင်တစ်ခု လုံး ဗိုက်တွေ တအား ပူလောင်လာပြီ၊ ဆေး …ဆေး ကိုယ်ခန္ဓာလှုပ်ရှား မရ၊ စကားပြောမရ၊ မျက်လုံးဖွင့် မရ၊ နားထဲမှာ အသံတွေ ဆူညံနေ ပြီ။

 နှုတ်ခမ်းပေါ် အေးချိုချိုအစက် ကျလာသည်။ မိုး…မိုးရေတွေ လား၊ မိုးရေတွေ တစ်ကိုယ်လုံး ရွှဲနေပြီ။ ညီမလေး တစ်ချက် မျက်ဖြူလန် သွားသည်။ အမေ အမေ ခေါ်သံ။ ငါးရာတန်နွမ်းနွမ်းလေး တစ်ရွက်။ မောင်လေး က လမ်းလျှောက်တတ်စ။ ထမင်း ပန်းကန်ကို မှောက်ချီ လှန်ချီ ဆော့နေ၏။ ညီမလေးက ဖျား၊ အမေက …။ တစ်ထောင်တန် ငါးရွက်နှင့် ဟိုလူကြီးက …။

အသံ …အသံတွေ … မခင်စု ဘာတွေ ပြောနေပြန်ပြီလဲ။ ကလေးအသံတွေ ကြားနေရသည်။ ငွေငါးရာနှင့် မနက်စာဖြစ်အောင် ချက်နေရသော ကလေးမလေး တစ်ဦး၊ ဖရိုဖရဲ တည်ဆောက်ဖြတ် သန်းကျင်လည် ရုန်းကန်ရင်း တည် ရာမှီရာ ရှာမရဖြစ်ကာ ကလေး …ကလေးမလေးတွေ၊ အာတွေ ခြောက်ကပ်လာပြန်ပြီ။ ချောင်းဆိုး ချင်သလို ဖြစ်နေလည်း ဆိုးမရ၊ လည်မျိုဝတွင် တစ်ဆို့ ကျပ်ခဲ၍ အသက်ရှူ မရတော့၊ ရှူမဝတော့။ မျက်ခွံတွေ လေးလံလွန်းလာသည်။ အရိုးအဆစ်တွေ ပြုတ်ထွက်ကျကုန် မည်ထင်သည်။ မခင်စု …မခင်စု အမြန်လာပါ။ အမေ့ကို အကြောင်း ကြား။ ညီမလေး မောင်လေးလည်း ခေါ်ခဲ့။ မောင် မောင်လေးက လိုက် လာမည်မဟုတ်။ မျက်ထောင့်နီကြီး နှင့် ကြည့်နေဦးမည်။

မခင်စု…မခင်စု ငါးရာတန် အသစ်တွေ အစည်းလိုက် တစ်ထောင်တန်တွေလည်း ရှိ၊ ငါး ထောင်တန်၊ ဗီရိုထဲမှာ ပိုက်ဆံတွေ ရှိ ရှိနေပြီ။ ငါးရာတန် အနွမ်းလေး တစ်ရွက် တစ်ရွက်ကို ယူမပေးနဲ့။

အမေ…၊ အမေ… ညီမလေးကို ပိုက်ဆံမချေးခိုင်းပါနဲ့။ ဟို …ဟိုလူကြီး အိမ်ကို အမေ …အမေလည်းမသွားနဲ့။ မခင်စု ကလေးတွေ ဈေးရောင်းရင် ဝယ်ပါ နော်။ အမေ…အမေ၊ တစ်ထောင် တန်ငါးရွက် ရပြီ။ ညီမလေးကို …၊ သမီးကို ဟို …ဟိုလူကြီး…။

စကားသံ…ခေါ်သံတွေ တစ်ထောင်တန် ငါးရွက် …။ မောင်လေးက ဘယ်လိုခေါ်ခေါ် မလာပါလား။ ညီမလေး …ညီမလေး၊ အမေ …အမေ ခေါင်း တွေ တအား မူးနောက်နေပြီ။ အသက်ရှူမဝ… မရတော့ဘူး။ မခင်စု …မခင်စု …ဆေး ဆေး အောက်စီဂျင်ပေး။ အား …ဆရာဝန်သွားခေါ်၊ မြန်မြန် သွားခေါ်စမ်းပါ။ ရင်ဘတ်တွေ အောင့်ပြီး နှလုံးတွေ ပြုတ်ထွက်တော့ မယ်။ မခင်စု …မခင်စု၊ ဟာ ဒီတရား…တရားခွေတွေပဲ ဖွင့်နေ၊ ဒီမှာက နာလို့သေတော့မှာ ကို…။
..ဟေတုပစ္စယော၊ အာရမ္မဏ ပစ္စယော၊ နတ္တိပစ္စယော၊ အဝိဂတ ပစ္စယော၊ အသက်ရှူတိုင်း ရှူတိုင်း သတိသတိ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်စေမည့် အလုပ်၊ နာကျင်ခြင်း ဝေဒနာတွေ ကင်း ပျောက်စေ မည့် အလုပ်။

မခင်စု…မခင်စု…မြန် မြန်လာ၊ အချိန် မရှိရသည့် ကြားထဲ၊ ဒီမှာ အသေလွတ် အလုပ်၊ မနာသည့် အလုပ် ပြောနေသည်။ ပြောနေပြီ၊ လုပ်ပေးစမ်းပါ။ ဒီမှာ နာလှပြီ။ မခင်စု အသုံးမကျဘူး။ အမေ့ကို အမြန် အမြန်ခေါ်။ ညီမလေး ဗီရိုထဲမှာ အဝတ် အဝတ်တွေမှ အများကြီး၊ အင်္ကျီတွေ ယူဝတ်စမ်းပါ။ ဟိုလူကြီး …ဟိုလူကြီး တစ်ထောင်တန် ငါးရွက် ပေးနေပြန် ပြီ။ ရွံစရာ…၊ ကြောက်စရာ။ ညီမလေး ဟိုလူကြီးထံ ပိုက်ဆံ ပိုက်ဆံသွား မချေးနဲ့။ အမေ … အမေလည်း သွားမချေးနဲ့။ အမေ့ သူငယ်ချင်း ဒေါ်လေးပြုံး၊ ဒေါ်လေး ပြုံးသမီးလည်း သွားမချေးနဲ့။

အား …ဆရာမလေး နာလှ ပြီ။ ပျောက်အောင် မကုတတ်ဘူး လား၊ ဆရာမလေး ဘာစကားတွေ ပြောတာလဲ၊ နားမလည်ပါဘူး။ ဆေးသောက်၊ ကျန်းမာရေး ဂရုစိုက်၊ အားမငယ်…အားမငယ်ပါဘူး။ ပိုက်ဆံတွေ ရှိနေပြီ။ တစ်ထောင်တန်၊ ငါးထောင်တန် အထပ်လိုက် အထပ် လိုက်။ ဆရာမလေး အမေ့ကို ပြော မပြပါနဲ့။

မခင်စု …မခင်စု ဧည့်သည် တွေကို သင်ထားသည့် အတိုင်း ပြောကြားလား။ အပိုတွေ မပြောမိ စေနဲ့။ မပြောပါနဲ့ဆို။ ပြောနေပြန် ပြီ။ အနစ်နာခံ အစ်မကြီးဆိုလား။ ပြောပြနေလိုက်ပုံ၊ ဆေးလေးဘာ လေး လာမတိုက် ဘူး။ စကားပဲများ နေ၊ အနားလာမှ ထိပ်ခေါက်လိုက်ဦး မယ်။ အမေ… အမေ…မခင်စု…မခင်စု။ ရင်ဘတ်တွေ ခေါင်းတွေ ကိုယ်တွေ ခြေလက်တွေ တစ်ခုချင်း ပြုတ်ထွက်လာပြီ။ အမေ …မရတော့ဘူး၊ မခင်စု ဆရာဝန် ကြီး ကို သွားပြောပေး။

မျက်လုံးတွေ ပြာဝေ မိုက်မှောင် လာပြီ။ အမေ …အမေ ဘဝက ဘဝကို ခပ်ယူ စားသောက်နေပြီ။ အမေ ရင်ဘတ်ကို ဖိပေး။ မခင်စု ခေါင်းမတ်ပေး၊ ဦးအောင်လား၊ ကိုခိုင်စိုး၊ မောင် …ဆေးမတိုက် ဘူးလား ။ မောင် မောင်လေး အသံ၊ မောင်လေးလိုက်လာ၊ မောင်လေး ဒေါသထွက်နေပြီ၊ လက်သီးဆုပ် …မလုပ်ပါနဲ့။

အသံ…အမေ…နားနား ကပ်ပြီး ဘာတွေ ရွတ်နေပြန်ပြီလဲ။ ဘုရားဂုဏ်တော်တွေ၊ ဟုတ်သည်။ လိုက်ဆို လိုက်မှတ်၊ အရဟံ… အရဟံ၊ ဗုဒ္ဓေါ ဗုဒ္ဓေါ၊ ဘဂဝါ …ဘဂဝါ၊ အား အမေနာလှပြီ။ သေတော့မှာလား။ ဆရာဝန်ကြီး က ဆရာဝန်ကြီးက သက်တမ်းစေ့တဲ့။ အမေ …အမေ ဆရာဝန်ကြီးကို သွားမေး။

ရှိုက်သံ…ရှိုက်သံ၊ ဟုတ် သည်။ မခင်စု…မခင်စု ရှိုက်သံ၊ အမေ့ရှိုက်သံ၊ သူငယ်ချင်းနီလေး ရှိုက်သံ။ တစ်ယောက် နှစ်ယောက် သုံးယောက် ဝိုင်းအုံ ကြည့်နေပြန်ပြီ။ တော်ပြီ။ မျက်လုံး မျက်လုံးကို ဖွင့် မကြည့်တော့ဘူး။ စိတ်တိုစိတ်ပျက် စရာ ကောင်းလှ၏။ မခင်စု အနား ကို လူတွေမလာစေနဲ့။ တံခါးကို သော့ခတ်ထား။ မလာစေနဲ့။ ဟိုဘက်အခန်းက စပ်စပ်စုစု အဒေါ် ကြီး ဝင်လာပြန်ပြီ။ မခင်စု တံခါး ပိတ်ထား လိုက်စမ်းပါ။ အနားက လူတွေ အားလုံး ထွက်သွားခိုင်းလိုက်။ သြော် ..မခင်စုနှယ်၊ ဒီမှာ နေလို့ မရတော့ပါဘူးဆို။

အစီအစဉ်တွေ၊ စကားတွေ၊ ဖုန်းတွေ ပစ္စည်းရွှေ့သံတွေ ဆူညံနေပြီ။ ဘာတွေများ ဖြစ်နေပြီလဲ။ ဒါ ငါ့အိမ် ငါ့အခန်း ဘယ်သူတွေ ရောက်နေပြန်ပြီလဲ။ သြော် … ဒုက္ခ၊ လူကလည်း ထမရ၊ ပါးစပ်က လည်း ပြောမရ။ မခင်စု ကတော့ …။ မျက်လုံးလည်း ဖွင့်မရ။ မခင်စု …မခင်စု၊ အမေ … အမေ၊ ညီမလေး၊ ဦးအောင် မျက်လုံး တွေ အတင်းဖွင့်ကြည့်သည်။ မရ …။ လုံးဝမရ။ ခြေထောက် ခြေထောက်တွေ … အား… လက် …လက်လည်း၊ နှလုံး … နှလုံး…။
လုံးထွေး ရစ်ပတ်နေသော အသံတွေ အာရုံတွေ ဖက်တွယ်ငုံခဲ ထားသော စိတ်ဆန္ဒဇောတွေ အားလုံးလွင့်မျောကာ မှောင်မိုက်သည့် တွင်းဆုံးနက်ကြီးအတွင်းသို့ တဖြည်းဖြည်း ကျ…ကျ….ကျ … ‘အမေ’…။

လဲ့ဝင်းကြည် (ချို)


Viewing all articles
Browse latest Browse all 212

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)